အသင်းဝင်လျှင်ရရှိမည့် အကျိုးခံစားခွင့်များ
- ဒါရိုက်တာ/အလုပ်အမှုဆောင်တစ်ဦးအဖြစ် သင်၏ကျွမ်းကျင်မှုများကို မြှင့်တင်ရန်အလို့ငှာ ပွဲများနှင့် သင်တန်းများ တက်ရောက်သင်ကြားရန် ကြိုတင်နေရာလက်ခံသည့်အခါတွင် ဦးစားပေးမှုနှင့် ဈေးနှုန်း လျှော့ချပေးမှုတို့ကို ခံစားခွင့်ရနိုင်ခြင်း။
- အသင်းဝင်များကွန်ရက်တွင် ပူးပေါင်းပါဝင်ပြီး အကောင်းဆုံးသော ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ စီမံဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အသိပညာမျှဝေခြင်းဖြင့် စိတ်ကူးကောင်းများရနိုင်ခြင်း။
- နောက်ဆုံးပေါ် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းရပ်များကို လေ့လာသင်ယူရန်အတွက် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် သတင်းစာစောင်များကို ပုံမှန်ရရှိနိုင်ခြင်း။
- MIoD က ကြီးမှူးကျင်းပသော ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ညီလာခံများတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ထိပ်သီးဟောပြောသူများအပြင် လုပ်ငန်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံနိုင်ခြင်း။
- ကျွန်ုပ်တို့၏ သုတေသနပြုလုပ်ခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းတို့တွင် ပါဝင်ပံ့ပိုးပေးနိုင်ခြင်း။
- ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ တွင်ကျယ်လာစေရန်အတွက် စွဲမြဲစွာဆောင်ရွက်သော ကော်ပိုရိတ်ခေါင်းဆောင်အဖြစ် ဂုဏ်သတင်းပိုမိုကျော်ကြားစေနိုင်ခြင်း။
အသင်းဝင်အမျိုးအစားများနှင့် အကျိုးကျေးဇူးများ
အသင်းဝင်သင့်သူများ
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- အကြီးတန်းကုမ္ပဏီအလုပ်အမှုဆောင်များ
- ဥပဒေကြပ်မတ်ရေးအရာရှိများ
- အတတ်ပညာရှင်များ
- ဥပဒေပညာရှင်များ၊ စာရင်းကိုင်ပညာရှင်များနှင့် ဘဏ္ဍာရေးပညာရှင်များ
- အခြားသော ဈေးကွက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများ
လက်မှတ်ရ ဒါရိုက်တာများမှတ်တမ်း
အသင်းဝင်အမျိုးအစားလေးမျိုးရှိပါသည်။
- ကော်ပိုရိတ်အသင်းဝင်ခြင်း
- အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်ခြင်း
- ပရော်ဖက်ရှင်နယ် အသင်းဝင်ခြင်း
- တွဲဖက်အသင်းဝင်ခြင်း
ကော်ပိုရိတ်အသင်းဝင်ခြင်း
(တစ်နှစ်လျှင်ကျပ် ၂,၅၀၀,၀၀၀) / ၁၂ လ
ကုမ္ပဏီများအား ၎င်းတို့၏ အလုံးစုံကော်ပိုရိတ်စီမံအုပ်ချုပ်မှု ခရီးတစ်လျှောက်တွင် စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အထောက်အကူပြုရန် ရည်ရွယ်ထားသောအသင်းဝင်ခြင်း
အကျိုးခံစားခွင့်များ
- အခမဲ့ တစ်ဦးချင်း အဖွဲ့ဝင်ခြင်း (5 ဦးအထိ၊ ဘုတ်အဖွဲ့ဒါရိုက်တာများနှင့် ကုမ္ပဏီမှ C-suite အတွက်သာ အကျုံးဝင်သည်)။
- တူညီသောကုမ္ပဏီမှ အခြားသော မည်သည့်၀န်ထမ်းအတွက်မဆို အပို ၂၀% အသင်းဝင်လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ခြင်း။
- ကော်ပိုရိတ်အဖွဲ့ဝင်အဖြစ် စာရင်းသွင်းထားသည့် ပရော်ဖက်ရှင်နယ်နှင့် အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်များသည် ၎င်းတို့၏ကိုယ်ပိုင်အကျိုးခံစားခွင့်များရှိသည်။
- ကုမ္ပဏီမှ မည်သည့်၀န်ထမ်းအတွက်မဆို (DCP မဟုတ်သော) သင်တန်းအတွက် ၁၀% လျှော့စျေး ခံစားခွင့်ရှိနိုင်ခြင်း။
- ကုမ္ပဏီမှ မည်သည့်၀န်ထမ်းအတွက်မဆို အထင်ကရ DCP သင်တန်းအတွက် ၂၀% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ခြင်း။
- ကုမ္ပဏီမှရွေးချယ်ထားသောဝန်ထမ်းများအတွက် မည်သည့် (DCP မဟုတ်သော) သင်တန်းအတွက်မဆို အသင်းဝင်နှစ်တစ်နှစ်အတွင်း အခမဲ့နေရာ ၅ နေရာ။
- ကော်ပိုရိတ်အသင်းတံဆိတ်အား ကုမ္ပဏီ၏စာပေတွင် ပြသခြင်း။
- ဒါရိုက်တာဘုတ်အဖွဲ့ကိုယ်တိုင် အကဲဖြတ်မှုအတွက် 20% လျှော့စျေး (အသင်းဝင်နှစ်အတွင်း 1 ကြိမ်)။
- အွန်လိုင်း Webinar အား တူညီသောကုမ္ပဏီမှမည်သည့်ဝန်ထမ်းမဆို အခမဲ့တက်ရောက်နိုင်ခြင်း။
- ကုမ္ပဏီအတွက် CG အကဲဖြတ်သုံးသပ်ချက်အား အခမဲ့ဆောင်ရွက်ပေးခြင်း။
လိုအပ်ချက်
- ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများနှင့်အညီ လိုက်လျောညီထွေရှိပြီး နာမည်ကောင်းရှိရမည်။
ကုမ္ပဏီဆိုသည်မှာ လည်ပတ်နေသော ကုမ္ပဏီတစ်ခုကို ဆိုလိုပြီး တူညီသောအဖွဲ့အစည်း သို့မဟုတ် ဆက်စပ်တည်ဆောက်မှု အောက်ရှိ အခြားကုမ္ပဏီများကို မထည့်သွင်းပါ။
အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်ခြင်း
(တစ်နှစ်လျှင် ၄၀၀,၀၀၀ ကျပ်) / ၁၂ လ
ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများနှင့် အကြီးတန်းကျွမ်းကျင်ပညာရှင်များအဖြစ် အဆင့်မြင့်ကတိသစ္စာပြုမှုပြသော အရည်အချင်းရှိပုဂ္ဂိုလ်များအတွက် သီးသန့်အသင်းဝင်ခြင်း
အကျိုးခံစားခွင့်များ
- ဂုဏ်သိက္ခာရှိသော ဒါရိုက်တာများ၏ စာရင်းတွင်ပါဝင်ခြင်းနှင့် အလားအလာရှိသော ဒါရိုက်တာများအတွက် ကျွမ်းကျင်မှုအရည်အချင်းများနှင့် လိုအပ်ချက်များအကြား ကွာဟချက်ကို မူတည်၍ ကော်ပိုရိတ်ဘုတ်အဖွဲ့များသို့ MIoD မှ အမည်စာရင်းတင်သွင်းခြင်း။
- တစ်နှစ်လျှင် အခမဲ့အွန်လိုင်းသင်တန်း ၁ ကြိမ် နှင့် အခြားမည်သည့်သင်တန်းကြေးမဆို ၅၀% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ခြင်း.
- တစ်နှစ်လျှင် အထူးပွဲ ၁ ပွဲအတွက် အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်များသာ သီးသန့် အသုံးပြုခွင့်။
- မိတ်ဖက်အဖွဲ့အစည်းများ၏ အပြန်အလှန်ပွဲများအတွက် အထူးတက်ရောက်နိုင်ခြင်း။
- အသင်းဝင်များအတွက် သီးသန့် ၀က်ဘ်ဆိုက်ဧရိယာသို့ ၀င်ရောက်နိုင်ခြင်း။
- MIoD ဘုတ်အဖွဲ့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခြင်း။
- MIOD ၏ နှစ်ပတ်လည်ညီလာခံနှင့် အခြားသော ပွဲများတွင် ဦးစားပေးအနေဖြင့် တက်ရောက်နိုင်ခြင်း။
- အွန်လိုင်း Webinar အား အခမဲ့တက်ရောက်နိုင်ခြင်း။
- MIoD အသင်းဝင်ကဒ်နှင့် ကြိုဆိုသောလက်ဆောင်ထုပ်။
လိုအပ်ချက် (အောက်ပါအချက်များနှင့်ပြည့်စုံရမည်)
- လက်ရှိတွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး အနည်းဆုံး ၅ နှစ် အတွေ့အကြုံရှိသော အကြီးတန်းအမှုဆောင်၊ အတတ်ပညာရှင် သို့မဟုတ် ပညာရှင်အတိုင်ပင်ခံ
- ဒါရိုက်တာအသိအမှတ်ပြု သင်တန်း (DCP) ဘွဲ့ရဖြစ်ရန် (သို့မဟုတ်) အသိအမှတ်ပြု ဒါရိုက်တာများအဖွဲ့အစည်း (သို့) ပညာရေးအဖွဲ့အစည်း တစ်ခုမှ ညီမျှသော အရည်အချင်းရှိရမည်
- အသိအမှတ်ပြုအဆင့်အတန်းကို ထိန်းသိမ်းရန် အသင်းဝင်နှစ်စဉ် ဆက်လက်ညွှန်ကြားမှုပညာရေး (CDE) ခရက်ဒစ် ၈ ခုရယူနိုင်ရမည်
အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်အသစ်များ (သို့မဟုတ် အဖွဲ့ဝင်ပြီး ခေတ္တနားပြီးနောက် ပြန်လည်၀င်ရောက်သူများ) အတွက် လက်မှတ်၀င်ကြေး ၅၀,၀၀၀ ကျပ် ကောက်ခံမည်။ ကျွန်ုပ်တို့သည် ငွေကြိုတင်ပေးချေလိုသူများ အဆင်ပြေစေရန်အတွက် နှစ်ရှည်အသင်းဝင်လျှော့စျေးအဖြစ် ၃ နှစ်အတွက် နှစ်စဉ်ကြေး ၁၅% နှင့် ၅ နှစ်အတွက် နှစ်စဉ်ကြေး ၂၅% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ရန် ကမ်းလှမ်းလိုပါသည်။
ပရော်ဖက်ရှင်နယ် အသင်းဝင်ခြင်း
(တစ်နှစ်လျှင် ၂၅၀,၀၀၀ ကျပ်) / ၁၂ လ
အုပ်ချုပ်မှု နောက်ဆုံးပေါ်တိုးတက်မှုများနှင့် ရင်ဘောင်တန်းရန် ဆန္ဒရှိသော ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများနှင့် အကြီးတန်းကျွမ်းကျင်ပညာရှင်များအတွက် နှင့် ထူးချွန်မှုကို လိုက်စားသော သက်တူရွယ်တူ အုပ်စုတို့နှင့် သက်ဆိုင်သော အသင်းဝင်ခြင်း
အကျိုးခံစားခွင့်များ
- မည်သည့်သင်တန်းကြေးမဆို ၂၀% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ခြင်း။
- အသင်းဝင်များအတွက် သီးသန့် ၀က်ဘ်ဆိုက်ဧရိယာသို့ ၀င်ရောက်နိုင်ခြင်း။
- MIoD ဘုတ်အဖွဲ့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခြင်း။
- မိတ်ဖက်အဖွဲ့အစည်းများ၏ အပြန်အလှန်ပွဲများအတွက် အထူးတက်ရောက်နိုင်ခြင်း။
- MIOD ၏ နှစ်ပတ်လည်ညီလာခံနှင့် အခြားသော ပွဲများတွင် ဦးစားပေးအနေဖြင့် တက်ရောက်နိုင်ခြင်း။
- အွန်လိုင်း Webinar အား အခမဲ့တက်ရောက်နိုင်ခြင်း။
- MIoD အသင်းဝင်ကဒ်နှင့် ကြိုဆိုသောလက်ဆောင်ထုပ်။
လိုအပ်ချက် (အောက်ပါအချက်များနှင့်ပြည့်စုံရမည်)
- လက်ရှိတွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသော အကြီးတန်းအမှုဆောင်၊ အတတ်ပညာရှင် သို့မဟုတ် ပညာရှင်အတိုင်ပင်ခံ
- ယခင်က MIoD သင်တန်းတက်ဖူးပြီး (သို့) ၀င်ရောက်ပြီး ၁၂ လအတွင်း MIoD သင်တန်းတက်လိမ့်မည်
ပရော်ဖက်ရှင်နယ် အသင်းဝင်အသစ်များ (သို့မဟုတ် အဖွဲ့ဝင်ပြီး ခေတ္တနားပြီးနောက် ပြန်လည်၀င်ရောက်သူများ) အတွက် လက်မှတ်၀င်ကြေး ၅၀,၀၀၀ ကျပ် ကောက်ခံမည်။ ကျွန်ုပ်တို့သည် ငွေကြိုတင်ပေးချေလိုသူများ အဆင်ပြေစေရန်အတွက် နှစ်ရှည်အသင်းဝင်လျှော့စျေးအဖြစ် ၃ နှစ်အတွက် နှစ်စဉ်ကြေး ၁၅% နှင့် ၅ နှစ်အတွက် နှစ်စဉ်ကြေး ၂၅% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ရန် ကမ်းလှမ်းလိုပါသည်။
တွဲဖက်အသင်းဝင်ခြင်း
(တစ်နှစ်လျှင် ၅၀,၀၀၀ ကျပ်) / ၁၂ လ
အတတ်ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍများ၊ အစောပိုင်း အလုပ်အကိုင်ကျွမ်းကျင်ပညာရှင်များနှင့် မာစတာကျောင်းသားများအတွက် လျှော့ဈေးအသင်းဝင်ခြင်း
အကျိုးခံစားခွင့်များ
- သင်တန်းကြေး ၅% လျှော့ဈေးများ ခံစားခွင့်ရှိနိုင်ခြင်း
- အသင်းဝင်များအတွက် သီးသန့် ၀က်ဘ်ဆိုက်ဧရိယာသို့ ၀င်ရောက်နိုင်ခြင်း
လိုအပ်ချက်
- အနည်းဆုံးလုပ်သက် ၃ နှစ်ရှိသည့် မာစတာကျောင်းသား၊ အနည်းဆုံးလုပ်သက် ၃ နှစ်ရှိသည့် ပုဂ္ဂလိကကဏ္ဍကျွမ်းကျင်ပညာရှင်၊ သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိသည့် အတတ်ပညာရှင်
တွဲဖက်အသင်းဝင်အသစ်များ (သို့မဟုတ် အဖွဲ့ဝင်ပြီး ခေတ္တနားပြီးနောက် ပြန်လည်၀င်ရောက်သူများ) အတွက် လက်မှတ်၀င်ကြေး ၁၀,၀၀၀ ကျပ် ကောက်ခံမည်။
