ဘုတ်အဖွဲ့များအနေဖြင့် ဆိုက်ဘာလုံခြုံရေးကို အဘယ်ကြောင့် အလေးပေးဆောင်ရွက်သင့်သနည်း
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်
|
အာရှတိုက်ရှိ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများ
ရင်းမြစ် – Marsh & McLennan Companies၊ ၂၀၁၇ ခုနှစ် |
အွန်လိုင်းဆွေးနွေးပွဲအကြောင်း
ဒစ်ဂျစ်တယ်ချိတ်ဆက်မှု မြင့်မားခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ နည်းပါးခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ဒေတာအချက်အလက်ကူးပြောင်းမှုများ များပြားလာခြင်းနှင့် ဥပဒေကြပ်မတ်မှု အားနည်းခြင်းတို့ကြောင့် အာရှတိုက်သည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် အဓိကပစ်မှတ် ဖြစ်လာသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်မှနေ၍ အလုပ်လုပ်သည့်ပုံစံသို့ တစ်ဟုန်ထိုး ပြောင်းလဲလာမှု သည် ပြင်းထန်ဆိုးရွားသော ဆိုက်ဘာလုံခြုံရေးချိုးဖောက်မှုများ ကြုံတွေ့ရနိုင်သည့် အန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ဘုတ်အဖွဲ့များအနေဖြင့် လုံခြုံရေးကျိုးပေါက်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ထိခိုက်နစ်နာမှုများကို အလိုအလျောက် နားလည်သဘောပေါက်နိုင်သော်လည်း အဆိုပါ ရှုပ်ထွေး၍ အဖုံဖုံပြောင်းလဲတတ်သည့် အန္တရာယ်ဖြစ်နိုင်ခြေအပေါ် ဘုတ်အဖွဲ့၏ ဂရုပြု တားဆီးကာကွယ်နိုင်စွမ်းကို သက်ဆိုင်ရာဗဟုသုတ ကင်းမဲ့မှုက ဟန့်တားထားတတ်ပါသည်။ ဘုတ်အဖွဲ့အများစုသည် ဆိုက်ဘာ လုံခြုံရေးကို ဂရုပြုခြင်းပင် မရှိပါ။
ဆိုက်ဘာအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချခြင်းသည် (စီးပွားရေးလုပ်ငန်း၏ အရွယ်အစား သို့မဟုတ် လုပ်ငန်းကဏ္ဍတို့နှင့် မသက်ဆိုင်ဘဲ) စီးပွားရေးလုပ်ငန်းတိုင်းအတွက် ဒစ်ဂျစ်တယ်နည်းစနစ်အရ ချိတ်ဆက်ထားသော ကမ္ဘာကြီးတွင် မိမိတို့လုပ်ငန်း ရှင်သန်ကြီးထွားလာစေရန်အလို့ငှာ အသက်တမျှ အရေးပါသည့် အစိတ်အပိုင်းဖြစ်ပါသည်။ ထိရောက်မှုရှိသော မဟာဗျူဟာကို စနစ်တကျ ရေးဆွဲချမှတ်ရာတွင် ဘုတ်အဖွဲ့များသည် အဓိကနေရာမှ ပါဝင်ပါသည်။ ဤအွန်လိုင်းဆွေးနွေးပွဲသည် ပါဝင်တက်ရောက်သူများအား အောက်ပါကဏ္ဍများတွင် အကူအညီပေးမည်ဖြစ်သည်။
- အန္တရာယ်ဖြစ်နိုင်ခြေကို ကောင်းမွန်စွာ လျှော့ချနိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသည့် ဘုတ်အဖွဲ့နှင့် အကြီးတန်းစီမံခန့်ခွဲသူများ၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်စေရန်
- သင့်လျော်သော ဆိုက်ဘာလုံခြုံရေးမဟာဗျူဟာများနှင့် အကျပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းများကို အသုံးချခြင်းဖြင့် အန္တရာယ်ဖြစ်နိုင်ခြေများနှင့် စိန်ခေါ်မှုအခက်အခဲများကို စီမံခန့်ခွဲရန်
- အစိုးရ၊ ပုဂ္ဂလိကနှင့် ပုဂ္ဂလအဆင့်များရှိ မြန်မာနိုင်ငံ၏ လက်ရှိ ဆိုက်ဘာလုံခြုံရေးအခင်းအကျင်းကို နားလည်သဘောပေါက်စေရန်
