Ms. Vicky Bowman

မစ္စ ဗစ်ကီဘိုးမန်း

မစ္စ ဗစ်ကီဘိုးမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်မှ စပြီး မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ယင်းမတိုင်ခင်က သတ္တုတူးဖော်သည့် နိုင်ငံတကာ ကုမ္ပဏီဖြစ်သော Rio Tinto တွင် ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးနှင့် သဘာဝသယံဇာတများကို အချုပ်အခြာအာဏာပိုင်များက ထိန်းချုပ်ရန်ကြိုးစားခြင်း စသည့် ကိစ္စရပ်များအတွက် မူဝါဒပိုင်းဆိုင်ရာများကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ယူကေနိုင်ငံရှိ Global & Economic Issues နှင့် G8 sous-Sherpa တို့တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ယူကေအစိုးရ၏ နိုင်ငံခြားရေးရာနှင့် ဓနသဟာယနိုင်ငံများရုံးရှိ တောင်အာဖရိကဌာနတွင် အကြီးအကဲအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက် ခဲ့သည်။ ယင်းမတိုင်မီ  မြန်မာနိုင်ငံဆိုင်ရာ ယူကေသံအမတ်ကြီးအဖြစ် လေးနှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ သံရုံး၏ ဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဥရောပကော်မရှင်အဖွဲ့ဝင် Chris Patten ၏ အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ဘရပ်ဆဲလ်စ်တွင်လည်းကောင်း၊ ဥရောပသမဂ္ဂတွင်းရှိ ယူကေကိုယ်စားလှယ်အဖွဲ့၏ သတင်းနှင့်စာနယ်ဇင်းဆိုင်ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။ ထိုင်းနိုင်ငံ ဒါရိုက်တာများအင်စတီကျုမှ ဒါရိုက်တာတစ်ဦးအဖြစ် အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါသည်။