ဒါရိုက်တာဘုတ်အဖွဲ့

ကျွန်ုပ်တို့၏ဘုတ်အဖွဲ့ဝင်များ

ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့ကို မြန်မာနိုင်ငံရှိ စီးပွားရေးခေါင်းဆောင်များနှင့် ကောင်းမွန်သော ကော်ပိုရိတ် စီမံအုပ်ချုပ်မှုကို အားပေးထောက်ခံသူများဖြင့် ဖွဲ့စည်းထားပြီး ကွဲပြားစုံလင်သော အသင်းအဖွဲ့တစ်ခု ဖြစ်ပါသည်။ ဘုတ်အဖွဲ့တွင် အကြီးတန်းကိုယ်စားလှယ်များအပြင် အရေးပါသော ကုမ္ပဏီ CEO များနှင့် စျေးကွက်ဆိုင်ရာ အကျိုးသက်ဆိုင်သူ များကို ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များလည်း ပါဝင်ပါသည်။

Back to all members
Daw Win Win Tint

ဒေါ်ဝင်းဝင်းတင့်

Board Member

ဒေါ်ဝင်းဝင်းတင့်သည် မိသားစုလုပ်ငန်းဖြစ်သော City Mart Holding Company Limited (CMHL) ၏ စီမံခန့်ခွဲမှုတာဝန်များကို အသက် ၂၁ နှစ်အရွယ်တွင် လက်လွှဲယူပြီးနောက် စူပါမားကတ်တစ်ခုမှသည် ယနေ့မြန်မာ့ထိပ်တန်း လက်လီကုမ္ပဏီတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့သည်။ City Mart ၏ စူပါမားကတ် ကွင်းဆက်ကို တိုးချဲ့ခဲ့ကာ မုန့်လုပ်ငန်း၊ ကဖေး၊ ကျန်းမာရေးနှင့် အလှကုန်စတိုးများအပြင် မြန်မာနိုင်ငံတွင် မသိသူမရှိအောင် နာမည်ကျော်ကြားသည့် အစားအသောက် အမှတ်တံဆိပ်များကိုလည်း စတင် တည်ထောင်ခဲ့ သည်။ ယခုတွင် ဆိုင်ခွဲပေါင်း ၂၀၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၈၅၀၀ ကျော်ကို ဦးဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ သူမကို ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ပြီး Forbes မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ် အာရှပစိဖိတ်ဒေသတွင်း အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးအနက် တစ်ဦးလည်း ဖြစ်သည်။ တစ်နှစ်အကြာတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီမှ စွန့်ဦးတီထွင်သူလူငယ်ဆုကို လက်ခံရရှိခဲ့ပြီး အာရှပစိဖိတ် လက်လီ ရောင်းချသူများ ညီလာခံမှ ၂၀၁၇ ခုနှစ်တွင် Asia-Pacific Retail Woman of the Year အဖြစ် ဆုချီးမြှင့်ခဲ့ပါသည်။