၂၀၂၂ ခုနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
June 23, 2022MIoD ၏ တတိယမြောက် နှစ်ပတ်လည်အစည်းအဝေး ၂၀၂၂ အား ဇွန် ၂၃ ရက်၊ ၂၀၂၂ ခုနှစ် တွင် ကျင်းပခဲ့ပါသည်။ ဤနှစ်၏ AGM အစည်းအဝေးအား ကျွန်ုပ်တို့၏အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံမှု အကျိုးစီးပွားအတွက် COVID-19 လမ်းညွှန်ချက်များနှင့်အညီ
အစည်းအဝေးအား AGM ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသော ဦးသူရကိုကို မှ ဦးဆောင်၍ MIoD ၏ အမှုဆောင်အရာရှိချုပ် ဒေါ်သီရိသန့်မွန် မှ အမှုဆောင်အရာရှိချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအား တင်ပြခဲ့ပြီး စာရင်းစစ်ချုပ်မှ စာရင်းရှင်းတမ်းအား ပြန်လည်သုံးသပ်ခဲ့ပါသည်။ MIoD အဖွဲ့ဝင်များမှ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် Proxy Form ဖြင့် မဲပေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၉ ခုတွင် ဒါရိုက်တာအသစ်များ ခန့်အပ်ခြင်း၊ စာရင်းစစ်ချုပ် အား နောက်နှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမတိုင်မီအထိ ပြန်လည်ခန့်အပ်ခြင်း နှင့် ဘဏ္ဍာရေးရှင်းတမ်းများ လက်ခံကျင့်သုံးခြင် တို့ဖြစ်၍ ဆုံးဖြတ်ချက်များအားလုံးကို အတည်ပြုခဲ့သည်။
