ဒေါ်သီရိသန့်မွန်
ဒေါ်သီရိသန့်မွန်သည် Myanmar Institute of Directors ၏ အချိန်ပိုင်း အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ US၊ UK နှင့် Myanmar နိုင်ငံတို့တွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိပြီး၊ Pegu Partners ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Yoma Strategic ၏ အလုပ်အမှုဆောင်ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးအနေနှင့်လည်းကောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ နှင့် မြန်မာနိုင်ငံကဲ့သို့သော ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်နေသည့် နိုင်ငံများကို အဓိကထားသော UK ပရဟိတအသင်းဖြစ်သည့် Turquoise Mountain ဖောင်ဒေးရှင်း၏ အုပ်ထိန်းရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ဒေါ်သီရိသန့်မွန်သည် William & Mary မှ စီးပွားရေးဘွဲ့ရခဲ့ပြီး London Business School မှ MBA ဘွဲ့ကိုလည်း ရရှိခဲ့ပါသည်။
