၂၀၂၁ ခုနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
September 23, 2021MIoD ၏ ဒုတိယမြောက် နှစ်ပတ်လည်အစည်းအဝေး ၂၀၂၁ အား စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ် တွင် ကျင်းပခဲ့ပါသည်။ ဤနှစ်၏ AGM အစည်းအဝေးအား ကျွန်ုပ်တို့၏အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံမှု အကျိုးစီးပွားအတွက် COVID-19 လမ်းညွှန်ချက်များနှင့်အညီ အီလက်ထရောနစ်နည်းဖြင့် Zoom ၌ ကျင်းပခဲ့သည်။
အစည်းအဝေးအား AGM ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသော ဦးသူရကိုကို မှ ဦးဆောင်၍ MIoD ၏ အမှုဆောင်အရာရှိချုပ် ဒေါ်သီရိသန့်မွန် မှ အမှုဆောင်အရာရှိချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအား တင်ပြခဲ့ပြီး စာရင်းစစ်ချုပ်မှ စာရင်းရှင်းတမ်းအား ပြန်လည်သုံးသပ်ခဲ့ပါသည်။ MIoD အဖွဲ့ဝင်များမှ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် Proxy Form ဖြင့် မဲပေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၆ ခုတွင် ဒါရိုက်တာအသစ်များ ခန့်အပ်ခြင်း၊ စာရင်းစစ်ချုပ် အား နောက်နှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမတိုင်မီအထိ ပြန်လည်ခန့်အပ်ခြင်း နှင့် ဘုတ်အဖွဲ့ဝင်များအတွက် သက်တမ်းကန့်သတ်ချက်အသစ်များအား မိတ်ဆက်ရန်နှင့် အကြံပေးကောင်စီအသစ်တစ်ခု ဖွဲ့စည်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား မွန်းမံခြင်းတို့ဖြစ်၍ ဆုံးဖြတ်ချက်များအားလုံးကို အတည်ပြုခဲ့သည်။…
